Sunday 23 November 2008

ရွှေဝါရောင် သတင်းပဒေသာ

Saturday, November 22, 2008

မျက်နှာ မရ လက်သီး ဆုချ

လက်သီးဆု ချီးမြှင့်ခံရတဲ့ လ၀က မင်းကြီးရဲ့  ဘဝ

ညောင်ရွှေ စာပြန်ပွဲမှ ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို ကျွန်တော် ကိုဖိုးတရုတ်မှ ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းလေးမှာ ပါဝင်တဲ့ ဗိုလ်မောင်ဘိုဟာ ရပခ တိုင်းမှူး ဘ၀မှာတည်းက ကုန်သည်များထံတွင် တန်ဖိုးကြီး အဆင့်မြင့် ပရာဒို ကား ကို တောင်းလေ့ ရှိတာကြောင့် သူ့ကို ``ပရာဒို မောင်ဘို´´ လို့ ဂုဏ်ပြု ခေါ်ဝေါ် ကြကြောင်း စစ်ဖက်နဲ့ နီးစပ်သူများရဲ့  ပြောကြားချက် အရ သိရှိခဲ့ရပါတယ်။ ပရာဒို မောင်ဘိုရဲ့  နောက်နံမည် တခုကတော့ ``ကတုတ်ကျင်း မောင်ဘို´´ ဖြစ်ပြီး တိုက်ပွဲတွေမှာ သတ္တိရှိစွာနဲ့ ကတုတ်ကျင်းထဲမှာ အမြဲ ပုန်း နေလို့ ဂုဏ်ပြု ခေါ်ဝေါ်ကြကြောင်း အလျဉ်းသင့်လို့ ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးလိုက်ရပါတယ်။

ရှမ်းပြည်နယ်လုံးဆိုင်ရာ စာပြန်ပွဲကို ညောင်ရွှေမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည်။ ၁၉၉၉-ခုနှစ်တွင် ရွှေကျင် သာသနာပိုင်၊ ကန်ကြီး ဆရာတော်ဝိမလ လက်ထက်ဖြစ်သည်။ ဆရာတော်လက်ထက်တွင် စည်စည်ကားကား ဖြစ်မြောက်အောင် ကိုးကွယ်ဆည်းကပ်နေသော ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးက ဘက်ပေါင်းစုံမှ တာဝန် ယူလေသည်။ ကမ္ဘောဇဘဏ်ပိုင်ရှင် ဆရာကျောင်းခေါ် ဦးအောင်ကိုဝင်းကလည်း ငွေကိုပုံအော ပေးထားသည်။ ပွဲတော်ဖြစ်မြောက်ရေးကော်မတီအဖြစ် တိုင်းမှူး မောင်ဘို အားခန့်အပ်ထားလေသည်။ တိုင်းမှူးမောင်ဘိုကလည်း လုပ်ငန်းဆိုင်ရာ ဆပ်ကော်မတီများ ခွဲတမ်းချ၍ ဆက်လက်တာဝန်ပေးရာ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးမှူး အရာရှိသည် ကြိုဆိုရေးအတွက်တာဝန်ယူရလေသည်။

ရွှေကျင်ဂိုဏ်းမှ လက်ထောက်အရာရှိဖြစ်သူ ပဲခူးကြခတ်ဝိုင်းဆရာတော်ကို သွားကြိုသောအခါ ပြဿနာ ပေါ်တော့သည်။ ကြခတ်ဝိုင်းကျောင်းတိုက်သို့ ရှမ်းတောင်ကြံ့ဖွတ်အသင်းပိုင် (အီးအက်စ်အီး) လေအိပ်ကား များဝင်သောအခါ လမ်းကျဉ်းသောကြောင့် လမ်းထိပ်၌ကားကိုရပ်တန့်ထားပြီး ကြခတ်ဝိုင်းကျောင်းဆီသို့ ကားသမားများသွားကြိုလေသည်။ မိမိကျောင်းတိုက်တွင်းထိ ကားများ လာရောက် မကြိုဆိုသောကြောင့် ကြခတ်ဝိုင်း ဆရာတော်ကြီးက နှာစေးကာ စိတ်ကောက် လေတော့သည်။ ကြံ့ဖွတ် ကားမောင်းနေသော ကားသမားအဖွဲ့ကလည်း မာနကြီးကြီးမို့ အဆင်မပြေကြဘဲ နောက်ဆုံး ရွှေကျင်ဂိုဏ်းမှ လက်ထောက်ဂိုဏ်းချုပ် ကြခတ်ဝိုင်းဆရာတော်မှာ ညောင်ရွှေသို့မသွားတော့ဘဲ တပည့်များကိုသာစေလွှတ် လိုက်လေသည်။ တိုင်စာ ကိုလည်း တံဆိပ်တုံးထုက အဆစ်ထည့်ပေးလိုက်သေးသည်။


မျက်နှာ လုပ်ချင်လှတဲ့ ဗိုလ်မောင်ဘို

ပွဲပြီးမြောက်သောနေ့ ရေစက်ချပွဲတွင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ဆရာတော်ထံမှ မျက်နှာရမည် အထင်ဖြင့် စိတ်တိုင်းကျပါရဲ့လားဟု မေးမြန်းသောအခါ သွားရောက်သော ဆရာတော်က အတိုင်အတော ထူသော ပဲခူးကြခတ်ဝိုင်း တိုင်စာကို ပြသလိုက်လေသည်။ ဗိုလ်မောင်ဘိုခမျာ ဗိုလ်မောင်အေးရဲ့  မျက်နှာမရသည့်အပြင် မျက်နှာကြီးနီမြန်း သွားတာကိုသာ တွေ့ရပါလေတော့သည်။ ရလဒ်ကတော့ ညောင်ရွှေမှ အပြန် ရဟတ်ယာဉ်ပေါ် တက်ချိန်ထိ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည် တိုင်းမှူး မောင်ဘိုကို ဆဲဆိုမြည်တမ်း လေတော့သည်။ ဆင့်ကဲရလာဒ်အဖြစ် တောင်ကြီး ပြန်ရောက်လာသော တိုင်းမှူးမောင်ဘိုသည် ကြိုဆိုရေးတွင်တာဝန်ယူထားသူ ရှမ်းပြည်နယ် လ-ဝ-ကမှူးအား တစ်မိနစ်မိုင် (၂ဝဝ)နှုန်းရှိသော ဒေါသလက်သီးပြင်းဖြင့် ဆင့်ကဲဆင့်ကဲ ဆုချလိုက် လေတော့သည်။

(အငြိမ်းစား ယူသွားပြီဖြစ်သော ပြည်နယ် လ-ဝ-က မှူးသည် ကျိုးသွားသော သွားနှစ်ချောင်းကို ပြန်မစိုက်ဘဲ ယနေ့တိုင် အမှတ်တရအဖြစ် သိမ်းထားလေသည်)

ဤဆောင်းပါးကိုစည်းလုံးခြင်းရဲ့အင်အားဘလော့မှ
ကူးယူဖေါ်ပြပါသည်။
(ကိုဖိုးတရုပ်၏စည်းလုံးခြင်းအင်အားဘလော့ကိုအောက်ပါ
လိပ်စာအသစ်သို့ပြောင်းလဲကြည့်ရှုနိုင်ပါကြောင်းဘလော့ကာ
ကိုဖိုးတရုပ်မှအကြောင်းကြားလာပါသည်)
စည်းလုံခြင်းရဲ့အင်အားဘလော့၏လိပ်စာသစ်များ

my blog link is http://photayokeking.myanmarbloggers.org and

ရဲရဲနီတဲ့မြန်မာ့သွေးတွေနဲ့ အမျိုးသားအောင်ပွဲနေ့ကိုNLD ရုံးချုပ်တွင်ကျင်းပခဲ့ကြသည်




















(အမျိုးသားဒီမိုကရေစီရုံးချုပ်တွင် အမျိုးသားနေ့ ကျင်းပခြင်း)
အခန်းနား စ တင် ချိန် 12း00
နံရံ ကပ် စာစောင်များပြ သ ၊ စာပေ ဟောပြောပွဲ တွင် က ဗျာ ဆရာ နှစ် ဦးမှ ဟော ပြော
( ဦးကြည်အောင်နဲ့ ကိုလေးအင်းဝဂုဏ်ရည် )
3း00 မှာ အခန်းအနား ပြီ ဆုံး
လှုပ် ရှား မှု့  နေ လည် 11 နားရီ ခန့်  မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံး ချုပ် ရှေ့  တဖက်
ခြမ်းရှိ စောင့်  ကြည့် နေ သော အာဏာ ပိုင် များရှေ့  မှောက် တွင် ပင်ဗိုလ်ချုပ်
အောင် ဆန်း ပုံ နှင့်  မိန့် ခွန်း များ ပါ ၀င် သော စာ ရွက် များအား လိုင်းကား များ ပေါ်
မှ 2 ကြိမ်တိုင် တိုင် ကြဲ ဖြန် သွား သည် ။

လူငယ် များ မှ ဇာတိမာ န် သီ ချင်း နှင့်နဂါး နီ သီ ချင်း များ ဖြင့်  သီ ဆို ဖြော်ဖြေခဲ့ကြသည်ကြားရသည်မှာ
ကက်သီးထရလောက်အောင်ပင်လေးစားအားတက်မိပါသည်။

အမျိုးသားအောင်ပွဲနေ့ ကို မမေ့ကြ နဲ့ ကျောင်းသားသပိတ်ကဖြစ်တည်လာတာ
မြန်မာသွေးရဲရဲနီတဲ့ ခွပ်ဒေါင်းညီအကို တို့ ရေ...အမှတ်ရလွန်းလို့  ထပ်မံတင်ပြ
လိုက်တာပါ။

NLD လူငယ်တွေရဲ့အမျိုးသားနေ့ ချီတက်ပွဲ

ကျောင်းသားသပိတ်ကနေအခြေခံတဲ့အမျိုးသားအောင်ပွဲနေ့ ။အဲဒီနေ့ ကိုကျမတို့ 
NLD လူငယ်တွေတန်ဖိုးရှိရှိကျော်ဖြတ်သွားကြမယ်။ကျောင်းသားခေါင်းဆောင်ကြီး
တွေရဲ့သွေးနဲ့ ချွေးနဲ့ ပေးဆပ်ခဲ့ရသလို အခုလာမယ့်၁၃၆၆ တန်ဆောင်မုန်းလဆုတ်
(၁၀) ရက်နေ့ ဟာ လည်းကျမတို့  NLD လူငယ်တွေ ချွေးနဲ့ သွေးနဲ့ ထောင်ဒဏ်တွေ
နဲ့ပေးဆပ် သင့်ရင်ပေးဆပ်ကြရမယ်လို့ ကျမတို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ် ။

အားလုံးညီတယ် တစ်ခဲ နက် ပဲ သဘောတူညီခဲ့ကြတယ် ။NLD လူငယ်တွေ ညီညွတ်
မှုအားတစ်ဖန်ပြန် ကြီးထွားလာတဲ့ အရှိန်ဟာ ဒီပဲယင်း အရှိန် ကြောင့်ပါ ပဲ။

ဒိုင်မရှိ အားမမျှပဲကြိုးဝိုင်းထဲ အထည့်ခံလိုက်ရတယ်။ဥာဏ်အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာကိုယ့်လူငယ်တွေကိုဘယ်တော့မှလက်
တုံ့ ပြန်ခိုင်းလေ့ မရှိဘူး။

သားတို့ ပြန်မလုပ် နဲ့  ပြန်မလုပ်ရဘူးနော် အဲဒီ့နေရာမှာသေသွားရင်တောင်ခံသွား
ရမယ်တဲ့လေဒီလိုဗြဟ္မာစိုရ်တရားကြီးမားတဲ့မိန်းမသားတစ်ယောက်ကိုမညှာမတာ
ရက်ရက်စက်စက်လုပ်ကြံရက်တဲ့အာဏာရူးစစ်ဘီလူးတွေ သူတို့ ကိုဆန့် ကျင်ရဲတဲ့
သတ္တိငါတို့ ထောင်ထွက်တွေမှာတောင်မရှိရင်အကြောက်တရား
အလွှမ်းမိုးခံကြရတဲ့ပြည်သူတွေ ဘယ်လို ရပ်တည်လေမလဲ--ဆိုပြီး
ထောင်ကထွက်ပြီး စကျမမှာန - အ-ဖ ကိုနှလုံးရည်နဲ့ ရင်ဆိုင်တိုက်ပွဲ ပြန်စ
ရပါတော့တယ်။

NLD လူငယ် တွေ ရဲ့ လှုပ်ရှားမှုတော်တော်များများဟာ မီဒီယာ တွေ မှာကြား
ပြီးကြတဲ့ အတိုင်း အခြေအနေအရ တပ်ဦးကျွံအောင်ထွက်ခဲ့ကြရပါတယ်။ကျမ
အဲဒီ့အချိန်မှာRFA နဲ့  အင်တာဗျူး လုပ်ခဲ့သလိုပေါ့လူငယ်တွေဟာမိုင်းနင်းရမဲ့ေ၇ှ့တန်းကစစ်သားကလေးတွေလိုပါ။ ရဲရဲနီ တဲ့သွေးတွေ နဲ့ လမ်းခင်း ပေး
တက်ကြတာပါပဲ။

ဒီပဲယင်းလုပ်ကြံမှုဟာလည်းပြင်းထန်ကြမ်းတမ်းလွန်းလို့ ဆန့် ကျင်ဖို့ လုပ်ငန်းတွေ
သွေးတိုး စမ်းဖို့ ဆိုတာကလည်း လူငယ်ပဲမဟုတ်လား။ ဒီလို လှုပ်ရှားမှုအ၇ှိန်အဟုန်
တွေကြားမှာ အမျိုးသား အောင် ပွဲနေ့ နှစ်ပတ်လည်ကြီးကိုရောက်လာတော့တာပါပဲ။

ရန်ကုန်တိုင်းအတွင်းမြို့ နယ်ပေါင်း ၂၃ မြို့  နယ်က တာဝန်ခံ (၁) (၂) ဆက်သွယ်ရေး
လူငယ်တွေက အာလိန်ငါးဆင့် ဘုရား (အင်းစိန်) မှာချိန်းလိုက်ကြတယ်။
အမျိုးသားနေ့ ကို ဘယ်လိုပုံစံကျင်းပမလဲဟေ့ လို့ သဘောထားယူလိုက်တာ
တစ်ချို့ က ဗဟန်းခြောက်ထပ်ကြီးဘုန်းကြီးကျောင်းမှာလုပ်တဲ့ဆွမ်းကျွေးပွဲကို
အင်အားဖြည့်မယ်တဲ့တစ်ချို့ က သက်ဆိုင်ရာမြို့ နယ်တွေကအခမ်းအနားကို
တာဝန်ယူမယ် တစ်ချို့ ကစာဝေမယ်စသည်ဖြင့် နိုင်ငံရေး အသွင်ဆောင်တဲ့
လှုပ်ရှားမှုပုံစံတွေကိုရွေးချယ်ကြတယ် ဒီအချိန်မှာ လူငယ်တစ်ယောက်က

မကြီးရေ သားတို့ ဒီလိုလုပ်ရင်မကောင်းဘူးလားတဲ့..................
ပြော..ဆိုတော့ ရွေတိဂုံဘုရားရဲ့စနေဒေါင့် မှကျောင်းသားခေါင်းဆောင်ကြီး
တွေရဲ့နာမည်နဲ့ ကျောက်စာတိုင်တစ်ခုရှိတယ် အဲဒီကို အလေးတက်ပြုကြရင်
ကောင်းမယ် တဲ့ ။

ကျမဦးဏှောက်ထဲ တော်တော်သဘောတွေ့ သွားတယ် ။ချက်ခြင်းပဲ ကောင်း
တယ်ဟေ့ အဖမ်းတော့ ခံရနိုင်တယ်နော်..................

ဖမ်းဖမ်းကွာ....... ဒီကောင်တွေလုပ်ကြစမ်းပါစေ စတဲ့အသံစုံထွက်လာပြီး
ဘုရားပေါ်ကကျောက်စာတိုင်ကိုအလေးပြုဖို့ သဘောတူလိုက်ကြတယ် ။

အားရစရာပါပဲရှင် ဒီလောက်အန္တရာယ်ကြီးတဲ့ သဘောထားတစ်ခု
Movement တစ်ခုကပိုကန့် ကွက်မဲ့သူမရှိပဲ (၃၃) ဦးလုံးကထောက်ခံကြ
တဲ့အပြင်...တစ်ယောက်ကဒီလောက်နဲ့ ကျနော်တို့ အားမရဘူး အခမ်းအနား
ပါဘုရားပေါ်မှာ လုပ် မယ် ။နောက်တစ်ယောက်က ဘုရားရင်ပြင်ကိုသုံးပတ်
လောက်ပတ်ပြီးမှ ကျောက်စာတိုင်ကို အလေးပြုမယ် နောက်တစ်ယောက်က
မိန့် ခွန်းပြောပြီးအလေးပြုမယ်။ နောက်တစ်ယောက်နောက်တစ်ယောက်
စသဖြင့်အကြံပြုဆွေးနွေးကြနဲ့ အရွှန်းဖောက်သိတ်ပြောတက်ပေမဲ့ အလုပ်
လုပ်ရင်စေတနာတအားကြီးတဲ့ကျမကို အမေ အမေလို့ ခေါ်
တတ်တဲ့ Chemistry နောက်ဆုံးနှစ်တက်နေတဲ့လူငယ်လေးက.................
အမေ ...........အမေ................ သားက အလေးပြု လို့ အော်ရမဲ့နေရာ
ကတာဝန်ယူမယ်နော်ဆိုလို့  လေးလေးနက်နက်ဆွေးနွေးနေတဲ့ကြားက
ရီလိုက်ကြသေးတယ် ။
ရီသံတွေ ခဏ ထိမ်းဆဲ (ဘုရားလူကြီးတွေကလည်း ကွက်ကြည့် ကွက်ကြည့် နဲ့ )
ဆုံးဖြတ်ချက်တွေချပြီးတိုင်ပင်ထားသမျှ ကတော့......

(၁) သွေးဆေးကန်မှာစုရပ်လုပ်မယ်
(၂) အားလုံးပင်နီဝတ်မယ်
(၃) နှစ်ယောက်တစ်တွဲဆီ ဘုရားကိုသုံးပတ်ပတ်မယ်
(၄) သုံးပတ်ပတ်ပြီးကျောက်တိုင်မှာမိန့် ခွန်းပြောမယ်
(၅) မိန့် ခွန်းပြောပြီးအလေးပြုကာစနစ်တကျပြန်ဆင်းမယ်
(၆) ဘုရားပေါ်မှတြင်လူစုခွဲပြီးဘုန်းကြီးကျောင်းသွားမယ်
(ခြွင်းချက် ။။ ။ အာဏာပိုင်တွေက မတရားနှောက်ယှက်ခြင်းပြုလျှင်
ရွေးချယ်ထားသော Volunteer(၆)ယောက်မှ ဖြေရှင်းမည်။)

အနိမ့် ဆုံးအဆင့် အလေးပြုပြီးမှပြန်ဆင်းရန်ဖြစ်သည်။လူငယ်များဟာ
ဒီပဲယင်းလုပ်ကြံမှုကြီး အပေါ်အခဲ ကြေနိုင်စရာအကြောင်းမရှိတာကြောင့်
သေသေကြေကြေ ရင်ဆိုင်ရန် ၇ှိသော်လည်း ထောင် ဆိုသည့် ခါးသီးလှသည့်
နေရာသို့ သူတို့ လေးတွေ မရောက်စေလို သဖြင့်အတွေ့ အကြုံ များသော်ကျမမှ
ချော့မော့ရ နားချရ သည်မှာအကြိမ်ကြိမ်ပါ ။ ဒီပွဲဟာ ပထမဦးဆုံး လူငယ်သစ်
တွေကို ဦးဆောင်မှုပေးစေ တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ကျမကိုယ်တိုင် တန်းစီ
လှည့်လည်တဲ့ အထဲ မှာပါဝင်လှုပ်ရှားခဲ့ပါတယ်။

ဒါဟာ မျိုးဆက်သစ်တွေ ကို လက်ဆင့် ကမ်းရမဲ့ ကျမတို့ ရဲ့ တာဝန်လို့ 
ယုံကြည်မှုကြောင့်ပါ ။ NLDလူငယ်တွေရဲ့ သတ္တိဆက်လက်ကြည့် ကြရ
အောင်ပါ ။အမျိုးသားအောင်ပွဲနေ့  ရောက်ပြီ..ချိန်းထားတဲ့ နေရာ ရဲ့
မလှမ်းမကမ်းကိုကျမအရောက် ကျမတောင် လန် သွားပါတယ်
ဘာကြောင့်လဲ ဆိုတော့ရွှေတိဂုံအလယ်ပစ္စယံ မွန်ပရိယတ္တိလမ်းကြား
ကနေ ကျမ လမ်းလျောက်လာတာ သွေးဆေးကန်ဘေးရောက်တော့
ရဲရဲ တောက် ပင်နီတွေ နဲ့  လူငယ်၁၀၀ ကျော်က ကြို ရောက်နှင့် နေကြပြီ
ပဲခူးကလူငယ်တွေ ဧရာဝတီကလူငယ်တွေ ရန်ကုန် မြို့ စွန် တိုက်ကြီးမှော်ဘီ
သုံးခွခရမ်းကွမ်းခြံကုန်းစတဲ့ရပ်ဝေးကလူငယ်တွေကိုမြင်တော့ကျမထင်ထား
တာထက်စည်းရုံးရေးစွမ်းအားပိုကောင်းနေတယ်။

ဦးဆောင်သူခြောက်ယောက်ကအရည်အချင်းပြလိုက်တာလေ သူတို့ 
တင်ပဲလား ရောက်လာသူ တွေရဲ့ဗဟိဒ ပုံစံ အမျိုးသားနေ့ ဆိုတဲ့ ဇာတိ
သွေးကြောင့်ထင်ရဲ့ ပိုတက်ကြွပိုသတ္တိပြနေကြပါလား နယ်ကလူ
တွေကိုမေးကြည့်တယ် ။ နင်တို့ --- ပဲ ရှိသေးတယ် မမေးနဲ့ မကြီး ဒီတ
ကွက်နောက်ကျသွားပြီ။

သားတို့  က ည အိမ် တာဗျ တဲ့ တစ်ချို့ က နံနက် ၄း၀၀ လောက်ထလာ
ကြတာတဲ့။ ဆက်သွယ်ရေးကတော့ မြန်ပါတယ် လူငယ်တွေ ရဲ့ စေတနာ
ပါတာကိုး။ တဖွဲဖွဲနဲ့ ...ချိန်းထားချိန်နီးတော့သွေးဆေးကန်နဲ့ လွတ်ငါး
အရောင်းဆိုင်လေးတွေ ရှေ့ မှာ ရုံးစုရုံးစု နဲ့ ပင်နီမ၇ှိသူတွေ အတွက်
လူကြီးတွေ ထံကကြိုငှါးထားတဲ့ ပင်နီတွေ ၀တ်ကြ အချင်းချင်း အဆင်
ပြေအောင်စီစဉ်ပေးကြနဲ့  လှုပ်၇ှားမှု တစ်ခု အတွက်ပြင်ဆင်နေကြဆဲ
Timingယူထားတဲ့ အချိန်ကကပ်လာပြီလေထောက်လှန်းရေးတွေ
ထောက်လှန်းရေးအထောက်အကူပြု ကြံ့ဖွံ့ တွေ မျက်စိမျက်နှာပျက်ပြီး
ဘုရားပေါ်ဆင်းလိုက်တက်လိုက်နဲ့ ခြေတိုနေပြီ ။

ထောက်လှန်းရေးဗိုလ်မှုးတွေအဆင့်အထိရောက်လာပြီဆိုတာကျမတို့ 
ရှေ့ ပြေးတွေကလည်းသတင်းပို့ နေပါပြီ။ ဒါတင်ဘယ်ကမလဲ ဘုရားရဲတေ
ွ ကလည်း နှံပါတ်ဒုတ်ကိုယ်စီနဲ့ အပြည့်ဆိုပဲ ။ဒီသတင်းကြားမှလူငယ်တွေ ပို တက် ကြွလာတယ်။အောက်ခြေကထောက်လှမ်းရေးတွေ နဲ့ ရင်ဆိုင်ရတာရိုးနေပြီ သူတို
့ပြာလေ သူတို့ နာလေ ပဲ ။ လက်နက် ဆိုလို့ သွားကြားထိုးတံ တောင် မကိုင်တဲ့
နှလုံးလှတဲ့လူငယ်တွေနဲ့ ရင်ဆိုင်ရမှာ သူတို့ အလန့် ဆုံးပဲ မဟုတ်လား ။

ထောက်လှန်းရေးအင်အားစု နဲ့  ဘုရားရဲ အင်အားစု ဘယ်လောက်အင်အား
ပြပါစေ NLD လူငယ် ၄၅၂ ယောက်ကတော့ ရည်ရွယ်ချက်ဆုံးဖျက်ချက်
အတိုင်း အမျိုးသားအောင်ပွဲနေ့ ကို ရွှေတိဂုံဘုရား အနောက် ဖက် မုခ်သွေး
ဆေးကန်က နေနှစ်ယောက်တစ်တွဲ ညီညီညာညာ တန်းစီပြီးတက်သွားပါတယ် ။

ဒီလို ဘုရားပေါ်တက်လာတဲ့ လူတန်းကြီးကို ဘုရားဖူးပြည်သူတွေ တအံ့တသြ
အားပေး နေကြပါတယ်။တစ်ချို့ ဆို ၀င်ပြီး တန်းစီ လိုက်ပါလာတာကြောင့်
ကျမတို့ မှာ ထောက်လှန်းရေး ပရောဂ ပါလာမှာစိုးလို့ အစစ သတိထားနေရပါတယ်။
ပြင်ဆင်မှုရှိဟန်တူတဲ့ ထောက်လှန်းရေးကင်မရာပေါင်း ငါးဆယ.်မက
ဗွီဒီိယိုကင်မရာဆယ်လုံးမက ထောက်လှန်းရေး နဲ့ ဘုရားရဲပေါင်း ၁၀၀မက
ကြို တင် ဖြန့် ကျက်ထားပြီးကျမတို့ ဘုရားကို သုံးပတ်ပတ်နေတာ ကို
ပျာယိပျာယာနဲ့ နောက် က လိုက် နေပါတယ် ။ဘုရားဖူးပြည်သူတွေ
ကလည်း ကျမတို့ ဖက် က ရပ်တည်နေသလို အားပေးနေကြပါတယ်
Foreigner နိုင်ငံခြားသား တစ်ချို့ ကလည်း ဟိုမေးသည်မေး နဲ့ ဓါတ်ပုံဝင်
ရိုက်လိုက်ကြသေးတယ်။

ဘုရားကိုလက်ယာရစ်သုံးပတ်ကြည်ညိုလို့ ပြီးတာနဲ့ ကျောင်းသားခေါင်း
ဆောင်ကြီးများကဗျဉ်း ထိုးထားတဲ့ ကျောက်စာတိုင် ကြီးများရှိရာ
ချီတက်လာကြပြီး ထောက် လှန်းရေးကာရံ ထားတဲ့ ( ဒီမနက်မှကာ
ထားဟန်ရှိ) ၀ါးရာဇမတ် လေးထောင့်ကွက်ဘေးမှာရာဇမတ်နဲ့
ခန္ဓာကိုယ်တွေ ထိထားရင်းအားလုံ လေးထောင့်ပတ်လည်ဝန်းရံ
လိုက်ကြတယ်တစ်ပြိုင်နက် ထဲမှာကျမတို့ လူငယ်ထုရပ်နေတဲ့ အကြားထောက်
လှန်းရေးတွေ စကားပြောစက် ကိုယ်စီ နဲ့ဖြန့် ဝင် လာကြပါတယ်။
ဘုရားရဲ တွေ ကဒုတ်တွေ နဲ့ ကျမတိုကိုဝိုင်းထားကြပါတယ်။

မလှမ်းမကမ်းမှာတော့ Forenger အယောက် ၂၀ လောက်ကို အခြေအနေ
အရပ်ရပ်ကို နားလည်ဟန်တူတဲ့ အခြား Forenger တစ်ယောက် ကိုရှင်းပြ
နေပြီး ကျမတို့ အင်အားစုကိုစောင့်ကြည့်ပေးနေကြပါတယ်။
ဖြစ်စဉ်က တစ်ပြိုင်နက်ပါ။ထောက်လှန်းရေးတစ်ဦး က ဒီမှာဘယ်သူ
ခေါင်းဆောင်လဲ ဟုမေးရာ(ကျမတို့ ကြိုတင်စီစဉ်ထားတဲ့ အတိုင်း အားလုံးခေါင်း
ဆောင်ပဲဟုပြန်ဖြေလိုက်ကြပါတယ်။ ထိုအခါအရာ
၇ှိဟုထင်ရသူတစ်ယောက်က ဒီမှာ အခမ်း အနားလုပ်ခွင့် မပြုဘူး
ခု ပြန်ဆင်းပါ ။ဆိုတဲ့ အမိန့်  နဲ့ အတူညာသံ များပါလာပါတယ်။
လူငယ်များထံ မှလည်း ကျနော်တို့ အလေးပြုပြီးမှ ပြန်ဆင်းမယ် ခု
မဆင်းဘူးဟု ဖြေလိုက်ရာထောက်လှန်းရေး (၇) မှ လှသက်မောင်
ကိုယ်တိုင် ဒေါသသံနှင့် မင်းတို့ ခု ဆင်းသွားမဆင်းရင် ခု ဖမ်း မယ်
သူ့ တပည့် တွေ ကိုလည်းငေါက်ငမ်း၍ ဟေ့ကောင်တွေ မင်းတို့ 
ဘာလုပ် နေလဲ ၀ိုင်းထား ။ဖမ်းတော့ ငါ အမိန့် ပေးနေတယ် ခု ဖမ်း ပြော
နေပေမဲ့ ဘုရားရဲ များကသာ နံပါတ် ဒုတ် များနှင့် ၀ိုင်းလာတယ် ထောက်
လှန်းရေးများ ကိုယ်ထိလက်ရောက် မဆွဲ သေးပါ။ဆူဆူညံညံ ကြမ်းကြမ်း
တမ်းတမ်း ဖြစ် လာချိန် တွင် အတွေ့ အကြုံ နည်းသောလူငယ်တစ်ချို့ မှ
ပြန်လှည့် ထွက်ရန်စဉ်းစားနေပုံရသည်။ ခြေလှမ်းက ကျွံနေပြီ တာဝန်ယူခဲ့
သောခြောက်ဦးမှာလည်း မထင်မှတ်ပဲ ထိပ်တိုက်အကျဆုံးဖြစ်သွားရာ
အကယ်၍ အဖမ်းခံ ခဲ့ကြရပါက ကျမ ခေါင်းထားစရာ နေရာမရှိနိုင်တော့
ပါ ။အဘယ့်ကြောင့်ဆိုသော်တပ်ဦးကျွံခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ဘာပဲဖြစ်ဖြစ်အာဏာပိုင်တွေ ကိုလည်းအလျော့မပေးချင်ပါ လူငယ်အ
များစု မှာဖမ်းချင်ဖမ်းပါစေ လုပ်စရာရှိတာကို လုပ်မည့်အခြေအနေ
အနေအထားကိုကျမ၀င်ထိမ်း မှရတော့မည် ဆိုးဒဏ်ကောင်းဒဏ်ကိုယ်ခံ
မည်ဟုဆုံးဖြတ်၍ ကျမတို့ တစ်တွေအားလုံးအလေးပြုပြီးမှပြန်မယ် အခမ်း
အနားလုပ်ခွင့် မရရင်မလုပ်ဘူးဟု အလျော့ အတင်း သံ နဲ့ ကျမ အော်လိုက်
ပါတယ် တစ်ပြိုင် နက် ပြန်ဆုတ်ရန် ခြေလှမ်း ထွက်နေ တဲ့လူငယ်တွေကိုပါ
လှမ်းတားလိုက်ပါတယ်။ဒီအခါ မှာစောစောကတပ် မှူးလှသက်မောင်ကျမဆီ
တိုက်ရိုက်ရောက်လာပါတယ် ။ ဘာမှလုပ်ခွင့် မပေးဘူး အခုဆင်း မဆင်းရင်
ဖမ်းမယ် လို့ ဒေါသတကြီးပြောတယ်။ရှင်တို့ ကျမတို့ လူငယ်တွေ ကို ရိုင်းရိုင်း
စိုင်းစိုင်းမောင်မထုတ်ပါနဲ့  လို့ ကျမကပြန်ပြောလိုက်ရာ တပ်မှူး
လှသက်မောင် က ကျမရဲ့ နာမည်ရင်းကိုခေါ်ပြီး
ဒီမှာ----------နင့်ကိုလက်ရှိအခြေအနေအရသီးခံနေတာ
ငါတို့ ဘယ်မှာရိုင်းရိုင်းစိုင်းစိုင်းပြောလို့ လဲ
ဟု အသားတွေ တဆတ်ဆတ်တုန်ပြီး ကျမကို လက်ညိုးထိုးပြီး
ရန်တွေ ပါတော့တယ်။

ဟုတ်ပြီမောင်းမထုတ်ရင် ကျမ တို့ အလေးပြုပြီးပြန်ဆင်းမယ် လို့ ပြောမှ
လှသက်မောင် လေသံ နည်းနည်းလျော့ သွားပါတယ်။ အဲဒီ လှသက်မောင်
နဲ့ ကျမတို့  အပြန်အလှန် ပြသနာကို ကျမတို့ ဖက်မှာ အသံ ဖမ်း
ယူနိုင်ခဲ့ပါတယ်။

တပြိုင်နက် လူငယ်တစ်ဦးမှသိတ်စကားများနေတဲ့ထောက်လှန်းရေးတပ်မှူး
ကိုဂရုမစိုက်တော့ ပဲအလေးပြုဟု ဦးဆောင်လိုက်ရာ ထောက်လှမ်းရေး
ဘုရားရဲ အင်အားစု ဘာလုပ်ရမှန်းမသိပျားပန်းခပ်သွားကြသည်။

အလေးပြုပြီးသည် နှင့် တစ်ပြိုင်နက်ဘုရားရင်ပြင်တွင် သုံးပတ် ပတ်၍
အင်အားပြကာ အခမ်းအနား လုပ်ခွင့်မရသော စိတ် မတရားလာရောက်
နှိမ်နှင်းသဖြင့် မခံ ချင်သောစိတ်နှင့် ကျမတို့ နဂို အစီအစဉ် ထက်
ပိုကာ ဒီပဲ ယင်းဖြစ်ဖြစ် ခြင်းဖမ်းဆီးခံရပြီး မကြာမီကမှာလွတ်လာသော
CEC ၅ဦး (ဦးအောင်ေ၇ွှနှင့်ဦးလွင် မလွတ်သေးပါ ) မှဦးဆောင်ကာ ဆွမ်းကျွေး
နေသော ခြောက်ထပ်ကြီးဘုရား သာသနာ့ဂုဏ်ရည်ကျောင်းတိုက် ရှိ အမျိုးသား
အောင်ပွဲနေ့  သို့  ရှေ့ ဆက်ချီတက် သွာဖြစ်ခဲ့ကြသည်.။ လူငယ်တွေကတော့
ညီညွတ်မှု အပြည့်ပါ ခုလိုပင်နီဝတ်စုံတွေနဲ့  တန်းစီချီတက် ခြင်းဟာ NLD
ရဲ့ မှတ်တိုင် မှာ ကြုံတောင့်ကြုံခဲချီတက်ပွဲဖြစ်ပါတယ်။

ထောက်လှန်းရေးကားများသည်ရှေ့နောက်မှလူးလာခတ်၍ အရူးများနှယ်သွေး
လန့် နေကြရာဝယ် ကျမတို့မြတ်နိုးသောတော်လှန်ရေး ရဲ့အရိပ် တော်လှန်ရေး ရဲ့
နိမိတ် အစဉ်အလာတွေလက်ဆင့် ကမ်းနိုင်ခဲ့တဲ့အမျိုးသားနေ့ အောင်ပွဲကြီးကို
အမျိုးသားဝတ်စုံအပြည့် နဲ့  ကြီးမာတဲ့ အန္တရာယ်ဓါးသွားကြားမှာ ပါးပါး
ကလေးလှစ်လှစ်ကလေးချီတက်သွားခဲ့ကြတာတော်လှန်ရေးခေါင်းဆောင်
တွေရဲ့ကျောင်းသားခေါင်းဆောင်တွေရဲ့ကျောက်တိုင်ဆီကိုတူညီဝတ်စုံတွေနဲ့ 
အလေးပြုနိုင်ခဲ့ကြတာစားတော့ဝါးတော့ မဲ့ခွေးဘီလူးတွေကြားကအကင်းပါးပါ
နဲ့ အန္တရာယ်ကိုရှောင်ကွင်းနိုင်ခဲ့ကြတာယနေ့ ဆိုလျှင်တစ်နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။

အမျိုးသားအောင်ပွဲနေ့ ကြီးလည်း(၈၄) ကြိမ်မြောက်ခဲ့ပါပြီအခုကျရောက်တော့မယ့်
အမျိုးသားနေ့ ကြီးကိုရောပြည်တွင်းမှအနစ်နာခံ လူငယ်များ ဘယ်လိုချီတက်ပြီး
သတ္တိပြသွားကြလေမလဲလို့ရင်ခုန်စွာမှန်းဆရင်းပြည်တွင်းမှအနစ်နာခဲ့လူငယ်
များအားဤဆောင်းပါးဖြင့်ဂုဏ်ပြုလိုက်ပါသည်။

( ဤဆောင်ပါးသည် ၂၀၀၃ လှုပ်ရှားမှု ပြီး ၂၀၀၄ အမျိုးသားနေ့  တွင်
ရေးသားခဲ့ခြင်းဖြစ်သည်ရန်ပုံခွင်း စာပေ တွင် ၂၀၀၄ က ဖေါ်ပြပြီးဖြစ်သည်။)

မေအိခင်(လယ်ဝေး)

(မှတ်ချက် ။ ။။ ကာယကံရှင်စာရေးသူကိုယ်တိုင် ရင်ဆိုင်ပါဝင်ခဲ့သော လှုပ်ရှားမှု ဖြစ်သည်
ဖြစ်စဉ် အားလုံးကိုတာဝန်ယူရေးသားပါသည်။)

www.laminkhin.blogspot.comမှပြန်လည်ကူးယူဖေါ်ပြပါသည်။

သို့...ရဲဘော်ဂုရု


သို့….ရဲဘော်ဂုရု
မင်းသေဆုံးသွားတဲ့အခါ
ခိုင်မာစွာကျောက်ထက်စာနဲ့
မင်းဂုဏ်ပြောင်စွာ
ဆောင်ရွက်ခဲ့တာတွေအတွက်
အမှတ်ရအလေးပြုနိုင်မဲ့
ကျောက်တိုင်စိုက်မပေးနိုင်ခဲ့ဘူး။

မင်းရဲ့အရိုးပြာကိုလဲ

မင်းပေးဆပ်ခဲ့တဲ့
အမိနိုင်ငံရဲ့ရင်ခွင်မှာ
လဲလျှောင်းနိုင်အောင်
ငါတို့မစွမ်းဆောင်နိုင်သေးဘူး။

ဂုဏ်ရောင်ထွန်းပြောင်ခဲ့တဲ့

မင်းရဲ့လုပ်ရပ်များရဲ့
ထိုက်တန်တဲ့စစ်အခမ်းအနားနဲ့
ဂုဏ်မပြုနိုင်ခဲ့ဘူး။

မင်းဟာ…………..

တိတ်ဆိတ်စွာနှုတ်မဆက်ပဲ
ခွဲခွါသွားခဲ့လဲ
မင်းတကယ်မသေပဲ
တို့နဲ့အမြဲရှိနေဆဲပါ။

သင်းဂြိုလ်စက်ထဲမှာ

မင်းခန္ဓာပြာကျသွားခဲ့ပေမယ့်လဲ
မင်းကအမြဲရှင်သန်နေဆဲပါ။

မင်းကိုလွှမ်းခဲ့တဲ့

ခွပ်ဒေါင်းအလံနဲ့အတူပဲ
မင်းလဲအမြဲရှင်သန်ဆဲပါ။

ရဲဘော်
မင်းရဲ့အောင်လံကို
တို့ဆက်သယ်ဆောင်မယ်။

မင်းရဲ့စံနမှုနာကို

တို့အတုယူမယ်။

မင်းကို

တို့လေးနက်စွာအလေးပြုမယ်။

မင်းဟာ………………….

တိုက်ပွဲတွေနဲ့အတူ
ငါတို့နဲ့အတူ
အမြဲရှင်သန်နေတယ်။

မင်းဟာ……………….

ဒီမိုကရေစီတိုက်ပွဲအတွက်
စံပြုစရာ
နမူနာတခုဖြစ်ရမယ်။


ရဲဘော်

မြန်မာ့သမိုင်းရှိနေသမျှ
အမြဲပဲ…………………
မင်းလဲရှင်သန်နေရမယ်။

ရွက်စိမ်း

Friday, November 21, 2008

သတင်းပဒေသာ


မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုမှသံဃာတော်များအပေါ်
မတရားစွပ်စွဲပြီးနှစ်ရှည်ထောင်ဒဏ်များချမှတ်နေသည့်အပေါ်
ထုတ်ပြန်ကြေညာချက်(၁၉.၁၁.၀၈)

ကိုမင်းကိုနိုင်အပါအ၀င်ကျောင်းသားခေါင်းဆောင်များနိုင်ငံရေးအကျဉ်းသားများကို
နှစ်ရှည်ထောင်ဒဏ်များချပြီး နယ်ထောင် ပြောင်း ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ သဘောထားကြေညာချက်(၂၀၀၈ခုနှစ်၊နိုဝင်ဘာ၂၀ရက်)
- အိုဘားမား အစိုးရသစ်အတွက် ၀န်ကြီးများ ရွေးချယ် click
- မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ click
- အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည် click
- ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ click
- ငွေကြးကယ်တင်ရေးအစီအစဉ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ် click
- ဘန်ကောက်မြို့က မြန်မာကျောင်း (ဗွီဒီယိုသတင်း) click
- မျိုးဆက်သစ်လူငယ်များအား ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ဆန့်ကျင် click
- စီရင်ချက်များ တရားမျှတမှုမရှိကြောင်း မိသားစုဝင်များ ထုတ်ဖော်ပြောဆို click
- ထောင်ဒဏ်အမိန့်ချမှတ်ခံရသူ ၁၁ဦးတွင် သံဃာ ၅ပါး ပါဝင် click
- စီရင်ချက်များကို ပြန်လည်သုံးသပ်ပြောင်းလဲပေးဖို့ NLD တောင်းဆို click
- အင်တာနက်သုံးမှုဖြင့် လူရွှင်တော်ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချခံရ click
- အရှင်ဂမ္ဘီရအား ထောင်ဒဏ် စုစုပေါင်း ၆၈ နှစ် စီရင်ချက်ချ click
- ပဲဈေးထိုးကျ၊ အက်ဖ်အီးစီ တန်ဖိုးကျ၊ ဘင်္ဂလားနယ်စပ် ကုန်သွယ်မှုရပ် click
- ဇာဂနာကို ထောင်ဒဏ်စီရင်ချက်ချပြီ click
- ဇေယျာသော်အပါအ၀င် မျိုးဆက်သစ်လူငယ် (၆) ဦး ထောင်ဒဏ်ချမှတ်ခံရ click
- အဖွဲ့ချုပ်ဝင် (၁၃) ဦးကို ထောင်ဒဏ် (၂)နှစ်ခွဲစီ ချမှတ်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို နယ် ထောင်များသို့ရွှေ့ click
- အရှင်ဂမ္ဘီရကို ထောင်ဒဏ် (၁၅) နှစ် ထပ်မံချမှတ် click
- စစ်အစိုးရ၏ လုပ်ရပ်အပေါ် ကုလလူ့အခွင့်အရေးကိုယ်စားလှယ် အထူးစိုးရိမ် click
- ကိုဒီငြိမ်းလင်းတို့ သားအဖ နှစ်ဦးစလုံး ထောင်ချခံရ click
- အမေရိကန်သံ မြန်မာ့အရေး အာရှနဲ့ ဆွေးနွေးမည် click
- အရှင်ဂမ္ဘီရကို ထောင်ဒဏ် (၆၈)နှစ် click
- ၂၀၂၅ မှာ ကမ္ဘာကြီးကို ဘယ်သူကြီးစိုးမလဲ click
- ကဗျာဆရာကြီး တင်မိုး၏ စိန်ရတုမွေးနေ့ click
- ဇာဂနာ၊ အမှု(၃)မှု၊ ထောင်ဒဏ်(၄၅)နှစ်၊ နောက်ထပ်(၄)မှု စစ်ဖို့ကျန် click
- ကိုရီးယားလွှတ်တော်ဥက္ကဋ္ဌထံ မြန်မာ့အရေးသဘောထားများ တင်ပြဆွေးနွေး click
- သာသနာ့ဥသျှောင် နှစ်ပတ်လည်ညီလာခံအား အွန်လိုင်းမှ တက်ရောက်နိုင် click
- မလေးရှားအမတ်များရဲ့ မြန်မာ့အရေးလှုပ်ရှားမှု click
- ဒါကာက ရခိုင်အမျိုးသမီးများအစည်းအရုံးရဲ့ (၁၀)နှစ်ပြည့်အခမ်းအနား click
- လူရွှင်တော် ဇာဂနာနှင့် အရှင်ဂမ္ဘီရတို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ် click
- ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဓာတ်ငွေ့ပိုက်လိုင်း စတင်သွယ်တန်းတော့မည် click
- ဝေးလံခေါင်ဖျား ထောင်များသို့ ပို့ဆောင်ခြင်းကြောင့် မိသားစုအား အခက်တွေ့ click
- Dulac (Dumex step1) နို့မှုန့်ကို မယ်လမင်းကင်းကြောင်း ကြေညာ click
- ဟာသသရုပ်ဆောင် ကိုဇာဂနာ ထောင်ဒဏ် ၄၅ နှစ်ချမှတ်ခံရ click
- ရန်ကုန်ရွှေဈေး ၂၀ ရာခိုင်နှုန်း ကျဆင်း click
- ဦးဂမ္ဘီရ ထောင်ဒဏ် ၆၈ နှစ် ကျခံရမည် click
- အရှင်ဂမ္ဘီရကို ထောင်ဒဏ် (၆၈) နှစ် ချမှတ် click
- ကိုပြည့်ဖြိုးလှိုင်တို့အား နယ်အကျဉ်းထောင်များသို့ ပြောင်းရွှေ့ click
ရဲဘော်ဂုရု၏ ဈာပနအခမ်းအနားတွင် ဝေငှသည့် ဂုဏ်ပြုလက်ကမ်းစာရွက်

- အမေရိကန်ကြီးစိုးသည့်ခေတ် ကုန်တော့မည်၊ နောင်အနှစ် (၂၀) အကြာ ကမ္ဘာကြီးအခြေအနေ စိုးရိမ်ဘွယ်ရှိ click
- အသျှင်ဂမ္ဘီရကို စုစုပေါင်း ထောင်ဒဏ် (၆၈) နှစ်၊ စွယ်စုံအနုပညာရှင် ကိုဇာဂနာကို (၄၅) နှစ် click
- ဂရင်းရွိုင်ရယ် ဖိတ်ခေါ်ဖလားပွဲကြည့်ဖို့ ရန်ကုန်လူထု ချွေးတပ်ဆွဲခံရ click
- လေလံတင်ကားများအား ငွေအကြေချေခိုင်းမည် click
- ကိုဇာဂနာကို ထောင်ဒဏ် ၄၅ နှစ်ချမှတ် ဆက်လက်ကြားနာရန် အမှုများရှိသေး click
- ဦးဂမ္ဘီရ ထောင်ဒဏ် ၆၈ နှစ် ကျခံရမည် click
- ပဲပြဿနာဖြေရှင်းရန် အစိုးရက ကုန်သည်ကြီးများအသင်းထံ လွှဲအပ် click

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

ကွယ်လွန်သူ ရဲဘော်နေလ (ခ) ရဲဘော်မြင့်အောင် (ခ) ရဲဘော်ဂုရု၏ ကဗျာ

တကယ်တော့
မတ်လဆိုတာ
ပင်လယ်လိုပဲ။

မတ်လရဲ့ သမိုင်းအဆက်ဆက်ဟာ
လှိုင်းတွေ၊ မုန်တိုင်းတွေနဲ့ ပြည့်နှက်။

အနီထဲမှ ကြယ်ဖြူပွင့်
အမှောင်ခေတ်၏ အစ
ဖုန်းမော်၊ တံတားနီ
နှစ်ပေါင်းများစွာက အနီမွေးဖွားရာ
... စသဖြင့်
လွမ်းမောဖွယ်ရာ လူသိသူသိ
ဖြစ်ရပ်များ။

ပြောခဲ့ကြပါတယ်
တတိယနိုင်ငံလည်း ဦးမခိုက်ဘူး
စတုတ္ထနိုင်ငံဆိုပြီး မခြိမ်းခြောက်နဲ့
ရင်ထဲက ပဉ္စမနိုင်ငံတော်ထံ အရောက်သွားမယ်။

ဒီလိုလေထုတွေနဲ့
အမှတ်ရစရာ ပြည့်နှက်နေတဲ့
မတ်လကို ပြန်ရောက်တိုင်း
ကိုယ့်လိပ်ပြာ ကိုယ်မလုံစေတဲ့
အရှက်ရစရာတွေက
မျက်နှာကို မပြ၀ံ့စရာဘဲ။ ။

မြင့်ဇေ
(ရိုးမ ၃ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

Burma News in English

Voice of America
Burmese Court Sentences Comedian-Activist to 45 Years in Prison
Voice of America - USA
By VOA News A court in military-ruled Burma has sentenced a popular comedian active in the country's democracy movement to 45 years in prison. ...
See all stories on this topic
Burma comic jailed for 45 years
BBC News - UK
A popular comedian active in Burma's democracy movement has been sentenced to 45 years in jail by a Burmese court. Zarganar was found to have violated the ...
See all stories on this topic
A long week in Burma
ISN - Zurich,Switzerland
With harsh jail terms for activists and energy-hungry countries eyeing its oil and gas, Burma's military junta stays the course, writes Simon Roughneen for ...
See all stories on this topic
Radcliffe Burma veteran has military honours at his funeral
This is Nottingham - Nottingham,England,UK
During the Second World War, he served with the Durham Light Infantry's 2nd Battalion in India and Burma. He was discharged in 1946 and went back to his old ...
See all stories on this topic
The Irrawaddy News Magazine
Burma's National Day Fading from Memory
The Irrawaddy News Magazine - Chiang Mai,Thailand
By MIN LWIN Tomorrow is Burma's National Day, commemorating the start of the resistance movement that eventually led to the country's independence from ...
See all stories on this topic
Burma: Child Soldier Returned Home
UNPO - The Hague,Netherlands
Burmese authorities have returned a child soldier to his family five months after recruiting him in violation of its own policy and United Nations ...
See all stories on this topic
At the mercy of Mother Nature and Burma's generals
Mizzima.com - New Delhi,Delhi,India
by Khin Tun On the surface, things can seem brighter than usual for villagers from Matupi in Southern Chin state of Western Burma, home to some 500000 ...
See all stories on this topic
Burma / Myanmar: 27-year-old hip-hop performer sentenced to six ...
Freemuse - Copenhagen,Denmark
Zayar Thaw was among at least 20 detainees sentenced on 18 November 2008 in Burma's continuing trials of opposition activists and members of the National ...
See all stories on this topic
FEC slumps in Burma
Mizzima.com - New Delhi,Delhi,India
During last month's trading, one unit of FEC could fetch Kyat 1230 in Burma's black market. Today it fell to Kyat 1190. Economist U Khin Maung Nyo said the ...
See all stories on this topic
Throwing Away the Key in Burma
American Spectator - USA
BANGKOK, Thailand -- The time of reckoning for those who protested Burma's high fuel prices in September 2007 came long ago, but only now are most of them ...
See all stories on this topic

No comments: